ပူဖောင်းများဖြင့် အမှိုက်စက္ကူနှင့် အညစ်အကြေး အမြောက်အမြားကို တောင်ကိုးရီးယားသို့ ပစ်ချခဲ့ကြောင်း မြောက်ကိုရီးယားဆို

(GMT+08:00)2024-05-30 12:41:19  

ဒေသစံတော်ချိန် မေလ ၂၉ ရက်နေ့တွင် မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုဝန်ကြီး Kim Yo Jong က မိန့်ခွန်း ပြောကြားခဲ့ရာ မြောက်ကိုးရီးယားသည် ၂၈ ရက်နေ့ညကစပြီး ပူဖောင်းများဖြင့် အမှိုက်စက္ကူနှင့် အညစ်အကြေး အမြောက်အမြားကို တောင်ကိုးရီးယားသို့ ပစ်ချခဲ့ကြောင်း ပြောကြားသည်။

Kim Yo Jong က  တောင်ကိုးရီးယားသည် ယခင်က အညစ်အကြေးများ ပါရှိသော ပူဖောင်းများကို မြောက်ကိုးရီးယားသို့ အကြိမ်ကြိမ် ပစ်ချခဲ့ခြင်းကြောင့် နောင်တွင် တောင်ကိုးရီးယား ပစ်ချခဲ့သော ပမာဏထက် အဆပေါင်းများစွာ တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။