တရုတ်သည် အာရပ်နိုင်ငံများနှင့် “ပူးပေါင်းဆောင်ရွက်မှု ၅ခု” တည်ဆောက်ရန် ဆန္ဒရှိသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-05-30 17:10:33  

မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ တျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာတွင် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဒသမအကြိမ်မြောက်ဝန်ကြီးအဆင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။


    သမ္မတ ရှီကျင့်ဖိန် က နှစ်ဖက်စလုံး၏ အတူတကွ ကြိုးပမ်းဆောင်ရွက်မှုများမှ တစ်ဆင့် မိမိအနေဖြင့် ပထမအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်း အဝေးတွင် အဆိုပြုခဲ့သည့် တရုတ်-အာရပ်နိုင်ငံများ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် “အတူတကွလုပ်ဆောင်ချက် ၈ခု” သည် အစောပိုင်း အောင်ကျိုးရလဒ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းကို အခြေခံပြီး အာရပ် နိုင်ငံများနှင့် “ပူးပေါင်းဆောင်ရွက်မှု ၅ခု” ကို တည်ဆောက်ကာ တရုတ်- အာရပ်နိုင်ငံများအကြား ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှု အရှိန်အဟုန် မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ပထမအချက်က ပိုမိုတက်ကြွသော တီထွင်ဆန်းသစ်မှုဖြင့် တွန်းအားပေးရေး ဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံရေးနှင့် ငွေရေးကြေးရေး ဖြစ်ကြောင်း၊ တတိယအနေဖြင့် ပိုမို Three-dimensional ဖြစ်သော စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ ပိုမိုညီမျှသော စီးပွား ကုန်သွယ်ရေး အပြန်အလှန်ရှိစေရေး ဖြစ်ကြောင်းနှင့် ပဉ္စမအနေဖြင့် ပိုမိုကျယ်ပြန့်သော လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးတို့ဖြစ်ကြောင်း သတင်း အရသိရပါသည်။