ရှီကျင့်ဖိန်သည် အီဂျစ်သမ္မတ Al-Sisi နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-05-30 12:21:51  

မေလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ၁၀ ကြိမ်မြောက် ဝန်ကြီးအဆင့် ညီလာခံသို့ တက်ရောက်ရန်နှင့် တရုတ်နိုင်ငံသို့ခရီးလှည့်လည်ရန် ရောက်ရှိလာသော အီဂျစ်သမ္မတ Al-Sisi နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အီဂျစ်နိုင်ငံနှင့် အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းစေပြီး ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ ခေတ်သစ်တွင် တရုတ်-အီဂျစ်ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်၍ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို ပံ့ပိုးကူညီလိုကြောင်း ပြောကြားခဲ့ပါသည်။ .

Al-Sisi က အီဂျစ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးနှင့် စက်မှုထွန်းကားရေး လုပ်ငန်းစဉ်များကို ကူညီရန်အတွက် အီဂျစ်နိုင်ငံ၌ ပိုမိုများပြားသည့် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံပြီး ပူးပေါင်းဆောင်ရွက်ကြရန် ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။

နှစ်ဘက်တို့သည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အီဂျစ် အာရပ် သမ္မတနိုင်ငံတို့ကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းစေရေး ဆိုင်ရာ ပူးတွဲကြေညာချက်" ကို ထုတ်ပြန်ခဲ့သည်။