ဗဟိုအချက်အချာ၏အားသာချက်များကို ဖော်ထုတ်ပြီး ရေကြောင်း-ရထားလိုင်း ပူးတွဲ သယ်ယူ ပို့ဆောင်ရေး “အမြန်လမ်း”ကို ဖန်တီး

(GMT+08:00)2024-05-30 14:33:04  

တရုတ်ပြည်တွင်းပြည်ပ ကုန်စည် ပို့ဆောင်ရေးလမ်းကြောင်းကို အဆင်ပြေစေပြီး ဆိပ်ကမ်းစွမ်းရည် တိုးမြှင့်ရန်အတွက် ယခုနှစ်များတွင် ထျန်ကျင်းဆိပ်ကမ်းသည် ရေကြောင်း-ရထားလိုင်းဖြင့် သယ်ယူပို့ဆောင်ရေး၏ ဗဟိုအချက်အချာအားသာချက်ကို အသုံးပြုပြီး ရေကြောင်း-ရထားလိုင်း ပူးတွဲ သယ်ယူပို့ဆောင်ရေးစသောပုံစံများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပါသည်။ ရေကြောင်းဖြင့် ထျန်ကျင်းဆိပ်ကမ်းသို့ ပို့ဆောင်လာသော ကုန်ပစ္စည်းများသည် ရထားကို ပြောင်းစီးပြီး မတူခြားနားသောနိုင်ငံနှင့်ဒေသများသို့ ရောက်ရှိနိုင်ပါသည်။ ယခုအထိ ထျန်ကျင်းဆိပ်ကမ်းသည် ရေကြောင်း-ရထားလိုင်း ပူးတွဲ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ၄၀ကျော်ကို ဖွင့်လှစ်ပြီးဖြစ်ပါသည်။ ယခုနှစ် ပထမ ၃လပတ်အတွင်း ထျန်ကျင်းဆိပ်ကမ်း ရေကြောင်း-ရထားလိုင်း ပူးတွဲ သယ်ယူပို့ဆောင်ရေး ပမာဏသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၈.၄ ရာခိုင်နှုန်း တိုးများလာပါသည်။