တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဒသမအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးတွင် စာတမ်း၃ခုကို အတည်ပြုခဲ့

(GMT+08:00)2024-05-30 17:11:53  

မေလ ၃၀ ရက်နေ့က တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဒသမအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ဘေကျင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ရာ အစည်းအဝေးတွင် အကျိုးရလဒ်များစွာ ရရှိခဲ့ပါသည်။ အစည်းအဝေးတွင် ဘေကျင်းကြေညာစာတမ်း၊ တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဆောင်ရွက်ချက်စီမံကိန်း၊ ပါလက်စတိုင်းပြဿနာဆိုင်ရာ တရုတ်နှင့်အာရပ်နိုင်ငံများ၏ ပူးတွဲကြေညာစာတမ်းအပါအဝင် စာတမ်း၃ခုကို အတည်ပြုခဲ့ပါသည်။ အစည်းအဝေးကျင်းပစဉ်အတွင်း တရုတ်နိုင်ငံသည် အစည်းအဝေးသို့ တက်ရောက်နေကြသည့် နိုင်ငံအသီးသီး၊ အာရပ်နိုင်ငံများအဖွဲ့ချုပ် အတွင်းဝန်ရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်များကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။