“နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” ကို နိုင်ထက်စီးနင်းပြုလုပ်၍ မရပါဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-05-30 17:11:13  

    မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ တျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာတွင် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဒသမအကြိမ်မြောက်ဝန်ကြီးအဆင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က လွန်ခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလမှစ၍ ပါလက်စတိုင်း- အစ္စရေးအချင်းပွားမှုသည် အရှိန် ပြင်းထန်စွာ မြှင့်တင်လာပြီး ဒေသခံများ ဘေး အန္တရာယ်များကြုံတွေ့ခံစားနေရကြောင်း၊ စစ်ပွဲသည် အကန့်အသတ်မရှိ ဆက်လက်မဖြစ်ပွားသင့်ကြောင်း၊ တရားမျှတမှုသည်လည်း ထာဝရပျက်ပြယ်မည် မဟုတ်ကြောင်း၊ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” ကို နိုင်ထက်စီးနင်းပြုလုပ်၍ မရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၁၉၆၇ခုနှစ်က နယ်နိမိတ်မျဉ်းကြောင်းပေါ်တွင် အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ်ထားသော အချုပ်အခြာအာဏာအပြည့်အဝပိုင်ဆိုင်ထားသည့် လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံ ဖွဲ့စည်းတည်ထောင်ရန် အခိုင်အမာ ထောက်ခံကြောင်း၊ ပါလက်စတိုင်းအား ကုလသမဂ္ဂတရားဝင်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် ထောက်ခံကြောင်း၊ အတိုင်းအတာ ပိုမိုကြီးမားပြီး အာဏာရှိမှုပိုမိုများပြားကာ ထိရောက်မှု ပိုမိုများပြားသော နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပရန် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂါဇာဒေသ တွင် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း လျော့ပါးစေရေးနှင့် စစ်ပြီးကာလ ပြန်လည်ထူထောင်ရေးကို ဆက်လက်ထောက်ခံမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီမှ ဂါဇာဒေသထံသို့ အရေးပေါ်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးရန် ထောက်ခံကြောင်း ပြောကြားခဲ့ ပါသည်။