အစ္စရေး၏ ရာဖာစခန်းအား တိုက်ခိုက်မှုသည် “ဝမ်းနည်းကြေကွဲဖွယ်ကောင်းသောအမှား” ထက် ပိုမိုပြင်းထန်ဟု ကုလဆို

(GMT+08:00)2024-05-29 14:34:19  

၂၆ ရက်နေ့ ညပိုင်းက အစ္စရေးတပ်ဖွဲ့သည် ဂါဇာဒေသတောင်ပိုင်း ရာဖာမှ စစ်ဘေးရှောင်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၄၅ ဦး သေဆုံးခဲ့သည်။ ၂၇ ရက် နေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယင်းတိုက်ခိုက်မှုသည် “ဝမ်းနည်းကြေကွဲဖွယ်ကောင်းသောအမှား” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် အစ္စရေးဝန်ကြီးချုပ်၏ အဆိုပါ ပြောဆိုချက်ကို ရည်ညွှန်းပြီး ဒေသစံတော်ချိန် ၂၈ ရက်နေ့တွင် UNICEF နှင့် WHO မှ ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးစလုံးက ယင်းတိုက်ခိုက်မှုသည် “ဝမ်းနည်းကြေကွဲဖွယ်ကောင်းသောအမှား” ဟူသော ရိုးရိုးရှင်းရှင်းဖော်ပြချက်ထက် များစွာပြင်းထန်ကြောင်း အသီးသီး ပြောကြားခဲ့သည်။