ယူကရိန်းမှ တိုက်ခိုက်မှုကို ချေမှုန်းခဲ့ဟု ရုရှားဆိုပြီး၊ တစ်နေ့အတွင်း တိုက်ပွဲ အကြိမ် ၁၀၀ ကျော် ဖြစ်ပွားခဲ့ဟု ယူကရိန်း ဆို

(GMT+08:00)2024-05-29 14:29:40  

ပြီးခဲ့သည့်နေ့က ရုရှားတပ်ဖွဲ့သည် Kharkiv၊ Donetsk၊ Zaporozhye နှင့် အခြားလမ်းကြောင်းများတွင် ယူကရိန်းစစ်တပ်မှ တိုက်ခိုက်မှုအကြိမ်ပေါင်းများစွာကို ချေမှုန်းခဲ့ပြီး ယူကရိန်းသံချပ်ကာယာဉ်နှင့် မောင်းသူမဲ့အမြောက်စသည့် လက်နက်ပစ္စည်း များကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ယခုလ ၂၈ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ပါသည်။

    ယူကရိန်းလက်နက်ကိုင်တပ်မတော် စစ်ဦးစီးချုပ်က ၂၈ ရက်နေ့ညပိုင်းက တိုက်ပွဲ အခြေအနေသတင်းများကို ထုတ်ပြန်ခဲ့ရာ၌ ထိုနေ့က တိုက်ပွဲ ၁၀၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။