ရှီကျင့်ဖိန်နှင့် အီကွေတိုရီယယ်ဂီနီနိုင်ငံ သမ္မတ Obiangတို့သည် တရုတ်-အီကွေတိုရီယယ် ဂီနီ ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဖြစ် တိုးမြှင့်ကြောင်း ကြေညာ

(GMT+08:00)2024-05-29 14:22:38  

မေလ ၂၈ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်သို့ တရားဝင် အလည်အပတ်ရောက်ရှိနေသော အီကွေတိုရီယယ်ဂီနီနိုင်ငံ သမ္မတ Obiangနှင့် ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများ လက်မှတ်ရေးထိုးချုပ်ဆိုပွဲသို့ တက်ရောက်ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့သည် တရုတ်-အီကွေတိုရီယယ်ဂီနီ ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး အဖြစ် တိုးမြှင့်ကြောင်း ကြေညာခဲ့ကြပြီး ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ထူထောင်ခြင်း ဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။