အတ္တလန္တိတ်သမုဒ္ဒရာတွင် တရုတ်နိုင်ငံ ပထမဆုံး လူလိုက်ပါသော ရေနက်သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းစဉ် အောင်မြင်စွာ ပြီးမြောက်

(GMT+08:00)2024-05-29 15:18:18  

မေလ ၂၈ ရက်နေ့တွင် "Jiaolong" လူလိုက်ပါသော ရေငုပ်သင်္ဘောကို တင်ဆောင်လာသည့် "Shenhai -1" သိပ္ပံသုတေသနသင်္ဘောသည် Qingdao မြို့ ရှိ အမျိုးသား ရေနက်စခန်း ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး အတ္တလန္တိတ်သမုဒ္ဒရာတွင် တရုတ်နိုင်ငံ၏ ပထမဆုံး လူလိုက်ပါသော ရေနက်သိပ္ပံဆိုင်ရာ သုတေသနခရီးစဉ် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

အဆိုပါ သိပ္ပံသုတေသနသင်္ဘောသည် အိန္ဒိယသမုဒ္ဒရာ၊ တောင်အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာတို့တွင် စူးစမ်းလေ့လာခြင်းလုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး စုစုပေါင်းရေကြောင်းခရီးစဉ် ကီလိုမီတာ ၅၇၀၀၀ ခန့်ရှိကာ လူလိုက်ပါသော ရေငုပ်ခြင်းမစ်ရှင် ၄၆ ခုကို အောင်မြင်စွာလုပ်ဆောင်ခဲ့ပါသည်။