လိုက်ချင်းတေ၏ ပြောဆိုချက်သည် လွန်စွာ ဆိုးရွားပြီး ရန်စမှုပိုဆိုးလေလေ၊ တန်ပြန် တိုက်စစ်မှုပိုပြင်းလေလေဖြစ်ဟု တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို

(GMT+08:00)2024-05-29 14:30:22  

တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးသည် ယခုလ ၂၉ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က လိုက်ချင်းတေ၏ သက်ဆိုင်ရာပြောဆိုချက်သည် စိတ်နေစိတ်ထား လွန်စွာ ကြမ်းတမ်းပြီး အလွန်ဆိုးရွားကာ၊ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူအပါ် ပြောင်ပြောင်တင်းတင်း ရန်စမှုဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းတည်ငြိမ်ရေးကို ဆိုးရွားစွာ ဖျက်ဆီးခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ကျူးဖုန့်လျန်က ထိုင်ဝမ်ရေးရာပြဿနာ ဖြေရှင်းပြီး နိုင်ငံတော် တစ်ပေါင်းတစ်စည်း တည်းဖြစ်ရေး အကောင်အထည် ဖော်ဆောင်ရန် ကျွန်ုပ်တို့ ဆန္ဒ ခိုင်မာတောင့်တင်းပြီး၊ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှုနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှု ထိန်းသမ်း ကာကွယ်ရန် ကျွန်ုပ်တို့ စွမ်းရည်သည် သိပ်သည်းခိုင်မာကာ၊ "ထိုင်ဝမ်သီးခြားတည်ရှိရေး" ခွဲထွက်မှုနှင့် ပြင်ပစွက်ဖက်မှုများ ဆန့်ကျင်ရန် ကျွန်ုပ်တို့ လုပ်ဆောင်ချက်သည် ပြတ်သားအားကောင်းကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသသည်။