တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ၁၄ ကြိမ်မြောက် စုပေါင်း လေ့လာဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က အလုပ်အကိုင်နေရာချထားရေးကို အရည်အသွေးမြင့်မားစွာ အပြည့်အဝ မြှင့်တင်ရမည်ဟုပြောကြား

(GMT+08:00)2024-05-29 14:31:11  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အလုပ်အကိုင်နေရာချထားရေးကို အရည်အသွေးမြင့်မားစွာ အပြည့်အဝ မြှင့်တင်ခြင်းနှင့်ပတ်သက်၍ ၁၄ ကြိမ်မြောက် စုပေါင်းလေ့လာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က အလုပ်အကိုင်နေရာချထားရေးကို အရည်အသွေးမြင့်မားစွာ အပြည့်အဝ မြှင့်တင်ခြင်းသည် ခေတ်သစ်နှင့် ခရီးသစ်တွင် အလုပ်အကိုင်နေရာချထားရေးလုပ်ငန်း၏ မစ်ရှင်အသစ်ဖြစ်ကြောင်း၊ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်ကို စွဲကိုင်ပြီး လုပ်သားများလွတ်လပ်စွာလုပ်ကိုင်ခြင်း၊ဈေးကွက် ထိန်းညှိပေးသည့် အလုပ်အကိုင် နေရာချထားခြင်း၊ အစိုးရ အလုပ်အကိုင်နေရာချထားရေး မြှင့်တင်ခြင်းနှင့် လုပ်ငန်းထူထောင်ရေး အားပေးခြင်းမူဝါဒများကို အပြည့်အဝ အကောင်အထည်ဖော်ပြီး အလုပ်အကိုင်နေရာချထားရေး၏ အရည်အသွေး ထိရောက်စွာ မြှင့်တင်ခြင်းနှင့် ပမာဏကျိုးကြောင်းဆီလျော်စွာ တိုးတက်ခြင်းကို ဆက်တိုက် မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။