ကန်ဒေါ်လာ သန်း ၃၀၀ ကျော် ကုန်ကျသည့် ဆိပ်ကမ်း စတင်အသုံးပြုပြီးနောက် ၁ပတ် အတွင်း ပျက်သွားခဲ့

(GMT+08:00)2024-05-29 14:25:14  

မေလ ၂၈ ရက်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ Sabrina Singhက အမေရိကန်တပ်ဖွဲ့မှ ဂါဇာဒေသတွင် တည်ဆောက်ထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆိပ်ကမ်းသည် ရာသီဥတု ကြောင့် ပျက်စီးသွားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ပျက်စီးသွားသော ဆိပ်ကမ်းကို ဂါဇာပင်လယ်ကမ်းခြေမှ ရွှေ့ပြောင်းပြီး ပြင်ဆင်မွမ်းမံမည် ဖြစ်ကြောင်း၊ ပြင်ဆင်မွမ်းမံ၍ ပြန်လည်တပ်ဆင်ပြီးနောက် ဆိပ်ကမ်းကို မူလနေရာသို့ ပြန်လည် ထားရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကုန်ကျခံပြီး အမေရိကန် တပ်သား ၁၀၀၀ဖြင့် ၄င်းယာယီဆိပ်ကမ်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဆိပ်ကမ်းကို မေလ ၁၇ ရက်နေ့ စတင်အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ မကြာသေးမီက လေလှိုင်းဒဏ်ကြောင့် ဆိပ်ကမ်း၏အစိတ်အပိုင်း ပြုတ်ကျပြီး ပင်လယ်ထဲသို့ မျောပါသွားခဲ့ခြင်း ဖြစ် သည်ဟု သတင်းအရ သိရပါသည်။