တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးသည် “၂၀၂၃ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်ထိပါးမှု အစီရင်ခံစာ”ကို ထုတ်ပြန်

(GMT+08:00)2024-05-29 14:14:17  

ယခုလ ၂၉ရက်နေ့တွင် တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးသည် “၂၀၂၃ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်ထိပါးမှု အစီရင်ခံစာ”ကို ထုတ်ပြန်ပြီး အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်ထိပါးမှု အဖြစ်မှန်ကို ဖော်ထုတ်ပါသည်။

ယင်းအစီရင်ခံစာတွင် အပိုင်း၇ပိုင်း ပါဝင်ပါသည်။ အစီရင်ခံစာတွင် ၂၀၂၃ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး အခြေအနေသည် ဆက်တိုက် ဆိုးရွားလာကြောင်း၊ အမေရိကန် နိုင်ငံတွင် လူမျိုးရေး ခွဲခြားမှုသည် နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း၊ အမေရိကန်တွင် အမျိုးသမီးနှင့် ကလေးများ၏ အခွင့်အရေးများသည် နှစ်ရှည်လများ စည်းစနစ်ကျသော ကျူးလွန်ထိပါးမှု ခံရပြီး နှစ်စဉ်နှစ်တိုင်း အမျိုးသမီး ၅သောင်း၄ထောင်ခန့် သည် ကိုယ်ဝန်ဆောင်ခြင်းကြောင့် ခွဲခြားခြင်း ခံရပြီး အလုပ်လက်မဲ့ ဖြစ်ရကြောင်း၊ လူငယ်များတွင် မူးယစ်ဆေးဝါး အလွဲသုံးစားပြုမှုသည် ကျယ်ကျယ်ပြန့်ပြန် တည်ရှိနေ ကြောင်း၊ လွန်ခဲ့သည့် နှစ်များစွာတွင် အမေရိကန် နိုင်ငံသည် ဗိုလ်ကျစိုးမိုးရေး ဝါဒကို ကျင့်သုံးပြီး ဗိုလ်ကျမှု နိုင်ငံရေးကို ဖော်ဆောင်ကာ လက်နက်အင်အားနှင့် တစ်ဖက်သတ် အရေးယူမှုကို အလွဲသုံးစားပြုနေကြောင်း၊ အမေရိကန် နိုင်ငံတွင် လူ့အခွင့်အရေး ပြဿနာ အမျိုးမျိုး ရှိခြင်းကြောင့် အမှန်တကယ် အမေရိကန် နိုင်ငံ၌ လူ့အခွင့်အရေးသည် လူအနည်းစုသာ ခံစားရရှိနိုင်သော အထူး အခွင့်အရေးပင် ဖြစ်စေသည့် အပြင် ကမ္ဘာ့ လူ့အခွင့်အရေး လုပ်ငန်း ရှင်သန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ဆိုးရွားစွာ ခြိမ်းခြောက်တားဆီးနေခြင်းလည်း ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။