သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် Sun Yeli သည် အယ်လ်ဆာဗေဒို သမ္မတသက်တမ်းသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်

(GMT+08:00)2024-05-29 15:17:39  

အယ်လ်ဆာဗေဒို အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီး Sun Yeli သည် ဇွန်လ ၁ ရက်နေ့တွင် ကျင်းပမည့် အယ်လ်ဆာဗေဒိုသမ္မတ သက်တမ်းသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် ဆန်ဆာဗေဒိုသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားခဲ့ပါသည်။