ကျောက်လေ့ကြည့်သည် အင်ဒိုနီးရှားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ ဘူအန်နှင့် တွေ့ဆုံ

(GMT+08:00)2024-05-29 14:32:14  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လေ့ကြည့်သည် မေလ ၂၈ ရက်နေ့ ညနေပိုင်းက ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီးမှာ အင်ဒိုနီးရှားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ ဘူအန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ကျောက်လေ့ကြည့်က တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ အရေးကြီး သဘောတူညီချက်များနှင့်အညီ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက် တိုးမြှင့်ပြီး ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အရည်အချင်း မြင့်မားစွာ တွန်းအားပေး၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြု စွမ်းဆောင်လိုပါကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် အရည်အချင်းမြင့် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု ပိုမို ခိုင်ခံ့လာအောင် ဆောင်ရွက်ပြီး တစ်ဖက်သား၏ အဓိက အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထောက်ခံရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဘူအန်က အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေး မူကို ပြတ်ပြတ်သားသား ကျင့်သုံးပြီး ယင်းသည် အင်ဒိုနီးရှားနှင့် တရုတ် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံ ဖြစ်သည်ဟု ယူဆကြောင်း၊ လာမည့်နှစ်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခြင်း ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး ယင်းကို အခွင့်ကောင်းအဖြစ်ထား၍ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ပင်လယ်ရေးရာ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။