ပထမ လေးလပတ်အတွင်း တရုတ် တစ်ပြည်လုံးမှ ကုန်စည်ပို့ဆောင်မှုပမာဏမှာ ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆.၁ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2024-05-29 14:34:52  

မေလ ၂၉ ရက်နေ့တွင် တရုတ် ကုန်စည်ပို့ဆောင်မှုနှင့် ဝယ်ယူမှု အသင်းက ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လည်ပတ်မှု ဒေတာကို ထုတ်ပြန်ခဲ့ရာ မက်ခရို စီးပွားရေး မူဝါဒများ၏ အကျိုးသက်ရောက်မှုများ ဆက်လက်ထွက်ပေါ်လာသည်နှင့်အမျှ တရုတ် အမျိုးသား စီးပွားရေး လည်ပတ်မှုသည် ဆက်လက် ပြန်လည် ကောင်းမွန်လာပြီး ကုန်စည် ပို့ဆောင်မှု ပမာဏလည်း ဆက်လက် ပြန်လည်ကောင်းမွန်လာကာ တိုးတက်မှုနှုန်း အရှိန်မြှင့်လာကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီလမှ ဧပြီလအထိ တရုတ် တစ်ပြည်လုံးမှ ကုန်စည်ပို့ဆောင်မှုပမာဏမှာ ယွမ် ၁၁၁.၉ ထရီလီယံ ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆.၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဧပြီလတွင် ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆.၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ သတင်းအရ သိရပါသည်။