ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ စစ်သုံးထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး လူ ၆ ဦးထက်မနည်းသေဆုံး

(GMT+08:00)2024-05-29 15:15:10  

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း South Kivu ပြည်နယ်တွင် ၂၈ ရက်နေ့က စစ်သုံးထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၆ ဦးထက်မနည်း သေဆုံးပြီး ၈၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

စစ်သုံးထရပ်ကားတစ်စီးသည် South Kivu ပြည်နယ်၏မြို့တော် Bukavu မြို့ဆင်ခြေဖုံးရှိ Kavumu လေဆိပ်အနီးတွင် တိမ်းမှောက်ခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီကော်မတီက ကြေညာခဲ့သည်။ အဆိုပါကားတွင် ဈာပနအခမ်းအနားသို့ တက်ရောက်ရန် စီစဉ်ထားသည့် တပ်မတော်သားများ၊ စစ်ဘက်ဇနီးမောင်နှံများနှင့် ကျောင်းသားအချို့ပါရှိကြောင်း၊ ယာဉ်မောင်းသူ အရက်မူးနေသောကြောင့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။