ရှီကျင့်ဖိန် သည် တရုတ်-အာရပ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ဒသမအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်

(GMT+08:00)2024-05-28 13:10:51  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဒသမအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို မေလ ၃၀ ရက်နေ့တွင် ဘေကျင်းမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အစည်း အဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း၊ အစည်း အဝေးတွင် ထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီမှုများကို အကောင်အထည်ဖော်ရေး၊ တရုတ်-အာရပ်နိုင်ငံများ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက်ရေး၊ တရုတ်-အာရပ်နိုင်ငံများ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှု အရှိန်မြှင့် တွန်းအားပေးရေးစသည်တို့ကို အဓိကထားပြီး နက်ရှိုင်းစွာ ဆွေးနွေးမည်ဖြစ်ပြီး အသေးစိတ် နည်းလမ်းများကို လေ့လာမည် ဖြစ်ကြောင်း မေလ ၂၇ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group က ရေးသားဖော်ပြထားပါသည်။

    တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ အစည်း အဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်ခရီးလှည့်လည်နေသည့် ဘာရိန်းနိုင်ငံ ဘုရင် အစ်ဆာအယ်ခါလစ်ဖာ၊ အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒူလ်ဖက်တာ အယ်စီစီ၊ တူနီးရှားနိုင်ငံသမ္မတ ကာအစ်ဆာအိဒ်၊ အာရပ်စော်ဘွားများနိုင်ငံသမ္မတ ရှိတ်မိုဟာမက်တို့ နှင့် အသီးသီးတွေ့ဆုံမည် ဖြစ်ပြီး နှစ်ဖက် ဆက်ဆံရေး၊ အတူတကွအလေးထားကြသော ဒေသတွင်းနှင့် နိုင်ငံတကာပြဿနာများနှင့်ပတ်သက်၍ လေးနက်စွာ အမြင်ချင်းဖလှယ်မည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။