နဝမအကြိမ်မြောက် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေး ကျင်းပ

(GMT+08:00)2024-05-28 10:44:05  

မေလ ၂၇ ရက်နေ့တွင် ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးစနစ် ထားရှိခဲ့ခြင်း ၂၅နှစ် ပြည့်မြောက်သည့် အခါသမယတွင် ၄နှစ်ကျော်ကြာမှ ၃နိုင်ငံခေါင်းဆောင်များအစည်းအဝေးကို ထပ်မံ ကျင်းပခြင်းမှာ အရေးကြီးသော အဓိပ္ပါယ် ရှိကြောင်း၊ ၃နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရေး ပြန်လည်စတင်ခြင်းကို ပြဆိုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံအနေဖြင့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးကို လွန်စွာအလေးထားလျက်ရှိကြောင်း၊ တရုတ်ဝန်ကြီးချုပ် လီချန် သည် ခေါင်းဆောင်များအစည်းအဝေးတွင် ၃နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးနှင့် ပတ်သက်သော အဆိုပြုချက် ၅ရပ်ကို တင်ပြခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခုအကြိမ် အစည်းအဝေးကို အခွင့်ကောင်းအဖြစ် ယူပြီး တောင်ကိုရီးယား၊ ဂျပန်နှစ်နိုင်ငံတို့နှင့်အတူ မဟာဗျူဟာဆက်သွယ်မှုကို မြှင့်တင်ပြီး နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တိုးပွားစေကာ တာဝန်ယူတတ်မှုအသစ်၊ ဆောင်ရွက်မှု အသစ်ကို ပြသ၍ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ခြေလှမ်းမှန်မှန်ဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် စည်ပင် ဝပြောရေးအတွက် ပိုမိုကြီးမားသော စွမ်းဆောင်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။