“ပြုပြင်ပြောင်းလဲရေးမှာ အစီအစဉ်ရေးဆွဲခြင်းကို အလေးထားရုံသာမက အကောင်အထည်ဖော်ခြင်းကို ပိုပြီးအလေးထားရမည်”ဟူသော သမ္မတရှီကျင့်ဖိန်၏ ပြောကြားချက် အာရုံစိုက်ခံရ

(GMT+08:00)2024-05-28 13:14:15  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လုပ်ငန်းကုမ္ပဏီနဲ့ပညာရှင်များတွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသော အရေးကြီး မိန့်ခွန်းသည် အလွှာပေါင်းစုံမှ တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါသည်။ အလွှာပေါင်းစုံမှပုဂ္ဂိုလ်များက သမ္မတရှီကျင့်ဖိန်၏ အရေးကြီးမိန့်ခွန်းသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဓိကကျသော သီအိုရီနှင့် လက်တွေ့ကျသော မေးခွန်းများကို လေးနက်စွာ ဖြေကြားခဲ့ပြီး ခရီးစဉ်သစ်တွင် ပြုပြင်ပြောင်းလဲမှုဘက်စုံနက်ရှိုင်းစေရေးနှင့် တရုတ်ပုံစံခေတ်မီမှု မြှင့်တင်ရေး အတွက် သဘောထားဆန္ဒကို စုစည်းရာတွင် ခိုင်မာသော ယုံကြည်မှုကို ထည့်သွင်းခဲ့ကြောင်း ပြောကြားခဲ့သည်။