အီရန်နိုင်ငံ၌ ၁၂ ကြိမ်မြောက် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပ

(GMT+08:00)2024-05-28 13:13:03  

ဒေသစံတော်ချိန် မေလ၂၇ရက်နေ့ နံနက်ပိုင်းက အီရန်နိုင်ငံ၌ ၁၂ ကြိမ်မြောက် လွှတ်တော်၏ လွှတ်တော်အမတ်များသည် တီဟီရန်မြို့တော်ရှိ လွှတ်တော်အဆောက်အအုံတွင် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပခဲ့ကြောင်း၊ အီရန်နိုင်ငံစစ်ဘက်၊ အစိုးရဌာနများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း၊ အစီအစဉ်အရ နောက်ဆက်တွဲအစည်းအဝေးတွင် လွှတ်တော်အမတ်များက လွှတ်တော်ဥက္ကဋ္ဌအသစ်ကို ရွေးချယ်မည်ဖြစ်ကြောင်း၊ အီရန် ယာယီသမ္မတမူဟယ်ဘေလ်သည် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။