ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်နှင့် ပတ်သက်သော အဆိုပြုချက်ကို ပယ်ချခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ပြောဆို

(GMT+08:00)2024-05-28 13:11:27  

၇၇ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်နှင့် ပတ်သက်သော အဆိုပြုချက်ကို ပယ်ချခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူက မေလ ၂၇ ရက်နေ့တွင် ၇၇ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ အထွေထွေကော်မရှင်နှင့် မျက်နှာစုံညီအစည်းအဝေးများ၌ ဆုံးဖြတ်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ရာ အချို့နိုင်ငံများမှ တင်ပြခဲ့သော “ထိုင်ဝမ်ဒေသကို လေ့လာသူအဖြစ် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ ပါဝင်စေရန်” အဆိုပြုချက်ကို ညီလာခံ၏ အစီအစဉ်တွင် ထည့်သွင်းဖို့ ရှင်းလင်းပြတ်သားစွာ ငြင်းပယ်လိုက်ကြောင်း၊ ၄င်းမှာ ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ထိုင်ဝမ်နှင့် ပတ်သက်သော အဆိုပြုချက်ကို ၈နှစ်ဆက်တိုက် ပယ်ချခြင်း  ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်နှင့် ပတ်သက်သော တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သော နားလည်မှုနှင့် ထောက်ခံ မှုများ ရရှိကြောင်း၊ နိုင်ငံ၁၀၀ကျော်တို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်ထံသို့ သီးခြားစာပေးပို့ခြင်းစသည့်နည်းလမ်းများဖြင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်း ပြတ်သားစွာ ထောက်ခံကြသည်ဟု ဖော်ပြခဲ့ကြကြောင်း၊ ၄င်းမှာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ တူညီသောဆန္ဒ ဖြစ်ပြီး ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီကာ စိန်ခေါ်၍ မရပါဟု အပြည့်အဝသက်သေပြနိုင်ကြောင်း ပြောကြားခဲ့ပါသည်။