ရှီကျင့်ဖိန်သည် ပါပူဝါ နယူးဂီနီ၏ တောင်မြေပြိုကျမှုနှင့် ပတ်သက်၍ ဘုရင်ခံ Bob Dadae ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-05-28 15:12:37  

  ယခုလ ၂၆ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပါပူဝါ နယူးဂီနီ၏ တောင်မြေပြိုကျမှုနှင့် ပတ်သက်၍ ဘုရင်ခံ Bob Dadae ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ရှီကျင့်ဖိန်က ပါပူဝါ နယူးဂီနီတွင် တောင်မြေပြိုကျမှု ဆိုးရွားစွာ ဖြစ်ပွားပြီး လူအသေအပျောက်နှင့် ဓနဥစ္စာ ဆုံးရှုံးနစ်နာမှု များစွာ ဖြစ်စေခဲ့သည်ကို ကြားသိရသည့် အတွက် တရုတ် အစိုးရနှင့် တရုတ် ပြည်သူများ ကိုယ်စား သေဆုံးသူများ အတွက် လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ဒဏ်ရာ ရရှိသူများကို နှစ်သိမ့်အားပေးကြောင်း၊ ပါပူဝါ နယူးဂီနီ ပြည်သူများသည် အခက်အခဲများကို အနိုင်ယူ ကျော်လွှားပြီး ဇာတိရပ်ရွာကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းအတွက် အကူအညီများ ပေးအပ်လိုကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြပါသည်။