ယခုနှစ်တွင် တရုတ်-ဥရောပ ကုန်တင်ရထားလမ်း(Zheng zhou)တွင် စုစုပေါင်း ရထားပြေးဆွဲမှု အကြိမ်ရေ ၇၀၀ ကျော်ခဲ့ပြီ

(GMT+08:00)2024-05-27 15:27:27  

     မေလ ၂၆ ရက်နေ့က စက်ပစ္စည်းအစိတ်အပိုင်းများ၊ အော်တိုအစိတ်အပိုင်းများ၊ ပန်းကန်ခွက်ယောက်များနှင့် အထည်အလိပ်များ တင်ဆောင်ထားသည့် တရုတ်-ဥရောပ ကုန်တင်ရထား X8202 (Zhengzhou) သည် တရုတ်မီးရထားအုပ်စု Zhengzhou Bureau Putian ဘူတာမှ ထွက်ခွာသွားခဲ့ပြီး ၁၅ ရက်အကြာ ရုရှားနိုင်ငံ မော်စကိုမြို့ သို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။ ယခုနှစ် တရုတ်မီးရထားအုပ်စု Zhengzhou Bureau သည် ကုန်တင်ရထားလမ်း(Zheng zhou)တွင် စုစုပေါင်း အကြိမ်ရေ ၇၀၀ ကျော်ပြေးဆွဲခဲ့ သည်ဟု သိရပါသည်။