He Baoxiang သည် ကိုမိုရိုနိုင်ငံသမ္မတ ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်

(GMT+08:00)2024-05-27 15:26:05  

ကိုမိုရိုနိုင်ငံသမ္မတ Azali ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ He Baoxiang သည် ၂၆ ရက်နေ့က ကိုမိုရိုနိုင်ငံမြို့တော် မိုရိုနီ ၌ သမ္မတ Azali ၏ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ပါသည်။ ၂၅ ရက်နေ့တွင် Azali သည် He Baoxiang နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် He Baoxiang က Azali အား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ နွေးထွေးသော ဂုဏ်ပြု ဆုမွန်ကောင်းတောင်းခြင်းကို တစ်ဆင့်ပြောကြားခဲ့ပြီး တရုတ်-ကိုမိုရိုဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံက အလွန်အလေးထားပြီး ကိုမိုရို နိုင်ငံနှင့်အတူ ကြိုးပမ်းအားထုတ်ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို အဆင့်သစ်သို့ ရောက်ရှိစေရန် တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။