Dong Junသည် ၂၁ကြိမ်မြောက် Shangri-La ဆွေးနွေးပွဲသို့ တက်ရောက်ပြီး စင်္ကာပူနိုင်ငံသို့ ခရီးလှည့်လည်မည်

(GMT+08:00)2024-05-27 15:26:48  

မေလ ၂၉ရက်နေ့မှ ဇွန်လ ၃ရက်နေ့အထိ တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Dong Junသည် ဖိတ်ကြားချက်အရ ၂၁ကြိမ်မြောက် Shangri-La ဆွေးနွေးပွဲသို့ တက်ရောက်ပြီး စင်္ကာပူနိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ Shangri-La ဆွေးနွေးပွဲတွင် “တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးသဘောထား”နှင့်ပတ်သက်၍ မိန့်ခွန်းပြောကြား မည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ စင်္ကာပူနိုင်ငံ၌ ခရီးလှည့်လည်ရာတွင် ဝန်ကြီး Dong Jun သည် စင်္ကာပူနိုင်ငံအစိုးရသစ်၊ ကာကွယ်ရေးရာဆိုင်ရာ လုပ်ငန်းဌာနမှ ခေါင်းဆောင်များနှင့် လည်း  တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။