ရှီကျင့်ဖိန်သည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2024-05-27 16:44:33  

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ယခုလ ၂၇ရက်နေ့တွင် အစည်းအဝေးကို ကျင်းပရာ “ခေတ်သစ်တွင် အလယ်ပိုင်း ဒေသ ရှင်သန်ဖွံ့ဖြိုးမှု အရှိန်မြှင့် ဆောင်ရွက်ရေး ဆိုင်ရာ မူဝါဒ ဆောင်ရွက်ချက်”နှင့် “ငွေကြေး အန္တရာယ်များ တားဆီးဖြေရှင်းရေးနှင့် ပတ်သက်သည့်  တာဝန်ပျက်ကွက်မှု ဆိုင်ရာ အရေးယူမှု (ရှေ့ပြေးစမ်းသပ်ကျင့်သုံးမည့်) စည်းမျဉ်း ဥပဒေ”ကို စိစစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အစည်းအဝေးတွင် အလယ်ပိုင်း ဒေသ ရှင်သန်ဖွံ့ဖြိုးမှု တွန်းအားပေးရေးသည် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီမှ ချမှတ်ခဲ့သော အရေးကြီး မဟာဗျူဟာမြောက် မူဝါဒ ဖြစ်ကြောင်း၊ ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ မဟာဗျူဟာမြောက် ရည်မှန်းချက်ကို လေးနက်စွာ သိရှိနားလည်ပြီး သက်ဆိုင်ရာ အဓိက လုပ်ငန်း တာဝန်များကို အင်တိုက်အားတိုက် ဆောင်ရွက်ကာ အလယ်ပိုင်း ဒေသ ရှင်သန်ဖွံ့ဖြိုးမှုကို ကြီးမားသည့် ထိုးဖောက်ကျော်လွှားမှုများ ရရှိရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။