အမေရိကန်တက္ကဆက်ပြည်နယ်အပါအဝင် နေရာများစွာ မုန်တိုင်းတိုက်ခတ်ခံရပြီး လူ၅ဦးထက် မနည်း သေဆုံး

(GMT+08:00)2024-05-27 10:39:12  

ဒေသစံတော်ချိန် ယခုလ ၂၆ရက်နေ့က အမေရိကန် တက္ကဆက်ပြည်နယ်သည် မုန်တိုင်း တိုက်ခတ် ခံရပြီး ကလေးအပါအဝင် လူ၅ဦးထက်မနည်း သေဆုံး၍ ကလေး၂ဦး ပျောက်ဆုံးနေ ကြောင်း၊ တက္ကဆက်ပြည်နယ် ဒင်းတန်မြို့ မြောက်ပိုင်းတွင် လေဆင်နှာမောင်းဒဏ်ကြောင့် လူများစွာ ဒဏ်ရာရရှိပြီး ထိုနေရာတွင် သစ်ပင်များ ပြိုလဲမှုနှင့် ဓာတ်အားလိုင်း ပြတ်တောက် မှုများ ဖြစ်ပွားခဲ့ ကြောင်း၊ မေလ ၂၆ရက်နေ့မနက်ပိုင်းအထိ အမေရိကန်အလယ်ပိုင်းတွင် လျှပ်စစ်မီး သုံးစွဲသူ၂သိန်း၅သောင်း ကျော် သည် လျှပ်စစ်မီးများ  ပြတ်တောက်သွားခဲ့ကြောင်း သတင်းအရ သိရှိရ သည်။