၂၀၂၄ ဘေကျင်းသိပ္ပံနည်းပညာ သီတင်းပတ်ကို ဖွင့်လှစ်ပြီး ထူးချွန်သော သိပ္ပံ နည်းပညာ ဆန်းသစ်တီထွင်မှု ၁၀၀ကျော် ပြသထား

(GMT+08:00)2024-05-27 15:27:47  

၂၀၂၄ခုနှစ် မေလ ၂၅ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ သိပ္ပံ နည်းပညာ လှုပ်ရှားမှု သီ တင်းပတ်၊ ဘေကျင်းသိပ္ပံနည်းပညာ သီတင်းပတ်ကို ဘေကျင်းမြို့ Shijingshan မြို့နယ် Shougang Park တွင် ဖွင့်လှစ်ခဲ့သည်။

ယခုအကြိမ် သိပ္ပံနည်းပညာ လှုပ်ရှားမှုသီတင်းပတ်တွင် "သိပ္ပံပညာရှင်များ၏ စိတ် ဓာတ် ကို မြှင့်တင်ခြင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ဆန်းသစ်သော တက်ကြွမှုကို လှုံ့ ဆော် ပေးခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် မျိုးဆက်သစ် သတင်းအချက်အလက်နည်းပညာ၊ ဆေးဝါးကုသမှုနှင့် ကျန်းမာရေး၊ စွမ်းအင်သိပ္ပံနည်းပညာ၊ ခေတ်မီစိုက်ပျိုးရေးနှင့် စမတ် ထုတ် လုပ်ရေး လုပ်ငန်း စသော ထွန်းသစ်စ စက်မှုလုပ်ငန်းများကို အာရုံစိုက်ထားကာ ထူးချွန်သော သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု ရလဒ်သစ် ၁၀၀ကျော်ကို အဓိက ပြသ ထား ပါသည်။