တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ထပ်မံပြောဆို

(GMT+08:00)2024-05-27 15:28:25  

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ်က ပါကစ္စတန် နိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူကို စွဲကိုင်ကြောင်း မေလ ၂၆ ရက်နေ့တွင် ထပ်လောင်းပြောကြားခဲ့ပါသည်။

ရှာဘတ်ဇ်သည် ထိုနေ့တွင် ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေငြာချက်ထုတ်ပြန်ရာတွင် တရုတ်နိုင်ငံ၏ သံမဏိကဲ့သို့ ညီအစ်ကိုနှင့် မဟာဗျူဟာမိတ်ဖက်အနေဖြင့် ပါကစ္စတန်သည် ထိုင်ဝမ်အရေး နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို အမြဲထောက်ခံရုံသာမက ဆက်လက်ထောက်ခံမည် ဖြစ်ကြောင်း၊ ပါကစ္စတန်သည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို ဦးလည်မသုန် ထောက်ခံပြီး ထိုင်ဝမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲမရသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ကာ နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးအတွက် တရုတ်အစိုးရ၏ ကြိုးပမ်းမှုများကို ထောက်ခံပါကြောင်း ဖော်ပြထားပါသည်။