ဘာရိန်း၊ အီဂျစ်၊ တူနီးရှားနှင့် အာရပ်စော်ဘွားများနိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ လာရောက်ခရီးလှည့်လည်မည်

(GMT+08:00)2024-05-27 15:26:27  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဘာရိန်းဘုရင် Hamad၊ အီဂျစ်သမ္မတ Sisi ၊ တူနီးရှားသမ္မတ Saied နှင့် အာရပ်စော်ဘွားများနိုင်ငံသမ္မတ Mohammed တို့သည် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်ခရီးလှည့်လည်ပြီး တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ၁၀ ကြိမ်မြောက် ဝန်ကြီးအဆင့် ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟွာချွန်ယဉ်က ပြောကြားခဲ့ပါသည်။