ရှီကျင့်ဖိန်သည် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဒသမအကြိမ် ဝန်ကြီး အဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်

(GMT+08:00)2024-05-26 21:41:27  

    တရုတ်နှင့် အာရပ်နိုင်ငံများ၏ သဘောတူညီမှုအရ တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဒသမအကြိမ်  ဝန်ကြီး အဆင့် အစည်းအဝေးကို မေလ ၃၀ ရက်နေ့တွင် ဘေကျင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။