ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခြင်းကြောင့် လူ ၂၀ ဦး သေဆုံး

(GMT+08:00)2024-05-26 12:31:25  

ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့က အစ္စရေးတပ်ဖွဲ့သည် ဂါဇာကမ်းမြောင် မြောက်ပိုင်းဒေသတွင် လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူ ၂၀ ဦး  သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

ဂါဇာမြောက်ပိုင်းတွင်  အကာအကွယ်စခန်းတစ်ခုအနီးရှိ နေအိမ်များကို အစ္စရေးတပ်ဖွဲ့က ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ လူ၁၀ ဦးသေဆုံးပြီး ဂါဇာမြောက်ပိုင်းရှိ အခြားနေရာတစ်ခုတွင်လည်း အစ္စရေး တပ်ဖွဲ့က လူများ ခိုလှုံရာ စာသင်ကျောင်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့်  လူ ၁၀ ဦး သေဆုံးပြီး  ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ သိရှိရ သည်။