ကုန်သွယ်ရေးစစ်ပွဲတွင် ဆုံးရှုံးသူသာရှိသည်ဟု ဂျာမဏီနှင့် ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးများ ဆို

(GMT+08:00)2024-05-26 13:49:22  

အီတလီနိုင်ငံ မြောက်ပိုင်း Stresaမြို့၌ ဂျီ-၇အုပ်စု ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေးသို့ တက်ရောက်နေကြသော ဂျာမဏီနိုင်ငံနှင့် ပြင်သစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးများက ကုန်သွယ်ရေးစစ်ပွဲသည် မည်သည့်ဘက်၏အကျိုးစီးပွားနှင့် မဆို မကိုက်ညီကြောင်း၊ နောက်ဆုံးတွင် အောင်မြင်သူမပေါ်ဘဲ ဆုံးရှုံးသူသာရှိမည်ဖြစ်ကြောင်း မေလ ၂၄ရက်နေ့က ပြောကြားခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဂျာမဏီနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Lindnerက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် လွတ်လပ်ပြီးတရားမျှတသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို ဘယ်တော့မှ အားမနည်းစေရကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သည် အောင်နိုင်မည်မဟုတ် ကြောင်း မေလ  ၂၄ရက်နေ့က မီဒီယာသတင်းထောက်များအား ပြောကြားခဲ့ပါသည်။