ဂါဇာဒေသမြောက်ပိုင်း၌ အစ္စရေးတပ်သားများကို ဖမ်းဆီးခဲ့သည်ဟု ဟားမတ်စ် ဆို

(GMT+08:00)2024-05-26 13:50:22  

    ပါလက်စတိုင်းအစ္စလာမစ် ခုခံရေးလှုပ်ရှားမှု(ဟားမတ်စ်အဖွဲ့)လက်အောက်ရှိ လက်နက်ကိုင် Carsan တပ်မသည် မေလ ၂၆ရက်နေ့ နံနက်စောစောပိုင်းက ကြေညာချက် ကို ထုတ်ပြန်ခဲ့ရာတွင် လက်နက်ကိုင်သမားများသည် ဂါဇာဒေသမြောက်ပိုင်း Jabalia ဒုက္ခသည် စခန်း၏ ဥမင်လိုဏ်ခေါင်းတွင် အစ္စရေးတပ်သားများနှင့် ပြင်းထန်စွာ တိုက် ခိုက်ခဲ့ပြီး အစ္စရေး တပ်သားများကို ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးခဲ့ကြောင်း၊ ပြောကြား ခဲ့ ပါသည်။ ယင်းကြေညာချက်တွင် အဖမ်းခံ ခဲ့ရသော အစ္စရေးတပ်သားဦးရေကို မဖော်ပြခဲ့ ပေ။ အစ္စရေးတပ်ဖွဲ့သည် အဖမ်းခံရသောတပ်သားမရှိကြောင်း နောက်ဆက်တွဲ ပြောကြားခဲ့ ပါသည်။