ဆီးရီးယား ဆိုင်ရာ အီရန် သံရုံး တည်ရှိရာ ရပ်ကွက်တွင် ဗုံးဖောက်ခွဲမှု ဖြစ်ပွားသောကြောင့် ဆီးရီးယား စစ်အရာရှိ တစ်ဦး သေဆုံး

(GMT+08:00)2024-05-26 14:37:46  

လက်ဘနွမ် Hezbollahပါတီနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိသော ဆီးရီးယား စစ်အရာရှိ တစ်ဦး သည် ယခုလ ၂၅ရက်နေ့က ဒါမတ်စကက်မြို့၌ မော်တော်ယာဉ်ပေါ်မှ ဗုံးဖောက်ခွဲမှု ကိရိယာဖြင့် ပြုလုပ်ခဲ့သော ဖောက်ခွဲမှုတွင် သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး အကဲဖြတ် အဖွဲ့မှ ပြောကြားခဲ့ကြောင်း၊ ဆီးရီးယား အစိုးရမှ မီဒီယာ တစ်ခုကလည်း လူတစ်ဦး သေဆုံးသည်ဟု ပြောကြားခဲ့သော်လည်း သေဆုံးသူ မည်သူမည်ဝါဖြစ်ခြင်းကို ထုတ်ပြန်ခြင်း မရှိကြောင်း ပြင်သစ် သတင်းဌာနက ဖော်ပြပါသည်။

 ၄င်းဗုံးဖောက်ခွဲမှုသည် ဆီးရီးယား ဆိုင်ရာ အီရန် သံရုံးနှင့် ကောင်စစ်ဝန်ရုံးတည်ရှိရာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဧပြီလ ၁ရက်နေ့က ဤရပ်ကွက်သည် အစ္စရေးမှ တိုက်ခိုက်မှု ခံခဲ့ရကြောင်း သတင်းရရှိပါသည်။