ရှီကျင့်ဖိန်သည် အာရပ်စော်ဘွားများ နိုင်ငံက တရုတ် ဘာသာစကား သင်ကြားရေး “စာသင်ကျောင်း တစ်ရာ အစီအစဉ်”မှ ကျောင်းသား ကိုယ်စားလှယ်များအား စာပြန်

(GMT+08:00)2024-05-26 21:40:58  

မကြာခင်က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရပ်စော်ဘွားများ နိုင်ငံက တရုတ် ဘာသာစကား သင်ကြားရေး “စာသင်ကျောင်း တစ်ရာ အစီအစဉ်”မှ ကျောင်းသူကျောင်းသား ကိုယ်စားလှယ်များအား ပြန်စာ ရေးသားပေးပို့ပြီး ၄င်းတို့အား တရုတ် ဘာသာစကားကို ကောင်းကောင်း သင်ယူပြီး တရုတ် နိုင်ငံကို သိရှိကာ တရုတ်-အာရပ် စော်ဘွားများ နိုင်ငံ ချစ်ကြည်မှု တိုးမြှင့်ရေး အတွက် အကျိုးပြု စွမ်းဆောင်ရန် အားပေးကြောင်း ဖော်ပြပါသည်။

၂၀၁၉ခုနှစ် ဇူလိုင်လက ပေကျင်းတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ထိုအချိန်က အာရပ်စော်ဘွားများ နိုင်ငံ Abu Dhabi အိမ်ရှေ့မင်းသား မူဟန်မက်တို့၏ ရှေ့မှောက်မှာ နှစ်နိုင်ငံတို့သည် စာချွန်လွှာကို လက်မှတ်ရေးထိုးချုပ်ဆိုပြီး တရုတ် ဘာသာစကား သင်ကြားရေး “စာသင်ကျောင်း တစ်ရာ အစီအစဉ်”ကို တရားဝင် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ယခုအထိ အာရပ်စော်ဘွားများ နိုင်ငံတွင် စာသင်ကျောင်း ၁၇၁ကျောင်းသည် တရုတ် ဘာသာစကား သင်တန်း ဖွင့်ထားခဲ့ပြီ ဖြစ်ပြီး ကျောင်းသူကျောင်းသား ၇သောင်း၁ထောင် တရုတ် ဘာသာစကားကို သင်ယူနေကြောင်း သိရပါသည်။ မကြာခင်က “စာသင်ကျောင်း တစ်ရာ အစီအစဉ်”မှ စံပြ စာသင်ကျောင်း ၂ကျောင်းမှ မူလတန်းနှင့် အလယ်တန်း ကျောင်းသူကျောင်းသား ကိုယ်စားလှယ် အယောက် ၄၀တို့သည် တရုတ်စာဖြင့် သမ္မတ ရှီကျင့်ဖိန်ထံသို့ စာရေးသားပေးပို့ပြီး တရုတ် ယဉ်ကျေးမှု အပေါ် ကြိုက်နှစ်သက်မှုများကို ဖော်ပြထားပါသည်။