၇ကြိမ်မြောက် ဒစ်ဂျစ်တယ်တရုတ် တည်ဆောက်ရေး ထိပ်သီးအစည်းအဝေးသည် ရလဒ်များစွာ ရရှိ

(GMT+08:00)2024-05-26 13:47:46  

ယခုလ ၂၅ရက်နေ့က ၇ကြိမ်မြောက်ဒစ်ဂျစ်တယ်တရုတ် တည်ဆောက်ရေး ထိပ်သီးအစည်း အဝေးကို ဖူကျိုးမြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ်ထိပ်သီးအစည်းအဝေးတွင် စာချုပ်ချုပ် ဆိုသော ဒစ်ဂျစ်တယ်စီးပွားရေးအစီအစဉ် ၄၂၁ခုရှိပြီး တရုတ်ယွမ်စုစုပေါင်း၂၀၃ဘီလီယံကို ရင်းနှီးမြှုပ်နှံကာ ဒစ်ဂျစ်တယ်လုပ်ငန်းများ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် အခြေခံ အဆောက်အအုံသစ် ဆောက်လုပ်ရေး စသော နယ်ပယ်များ ပါဝင်ကြောင်း၊ ယင်းသည် အဆင့်မြင့် ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်း ကွင်းဆက်တည်ဆောက်ရန် တွန်းအားပေးပြီး ဖူကျန့်ပြည်နယ်တွင် ဒစ်ဂျစ်တယ်စီးပွားရေးကို အားသစ်လောင်းပေးနိုင်ကြောင်း သတင်းအရ သိရပါသည်။