ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုတစ်ဆင့်တက် ဘက်စုံနက်ရှိုင်းစေရေးကို တွန်းအားအဖြစ် ထားပြီး ဆန်းတုန်းပြည်နယ်တွင် တရုတ် အသွင်ပုံစံ ခေတ်မီရေးကဏ္ဍကို ရေးစပ်ရမည်ဖြစ် ကြောင်း အလေးထားပြောကြား

(GMT+08:00)2024-05-25 12:57:08  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုရက်များအတွင်း ဆန်းတုန်းပြည်နယ်တွင် လေ့လာကြည့်ရှုခဲ့ရာ၌ ဆန်းတုန်းအနေနှင့် တစ်နိုင်ငံလုံး၏ အလုံးစုံဖွံ့ဖြိုးရေးတွင် ၎င်း၏ အဆင့်နေရာကို ရပ်တည်ပြီး ၎င်း၏ တာဝန်များကို ထမ်းဆောင်ကာ၊ ပြုပြင်ပြောင်းလဲမှု တစ်ဆင့်တက် ဘက်စုံနက်ရှိုင်းစေရေးကို တွန်းအားအဖြစ်ထားပြီး ဆန်းတုန်းတွင် တရုတ် အသွင်ပုံစံ ခေတ်မီရေးကဏ္ဍကို ရေးစပ်ရမည်ဖြစ်ကြောင်းအလေးထားပြောကြားခဲ့ သည်ဟု သတင်းအရသိရပါသည်။