နိုင်ငံတကာ တရားရုံး၏စီရင်ချက်အရ ရာဖာတွင် စစ်ဆင်ရေးများရပ်တန့်ရန် အစ္စရေးကို တောင်းဆို

(GMT+08:00)2024-05-25 16:34:09  

ကုလသမဂ္ဂ၏ဝက်ဘ်ဆိုက်မှ သတင်းအချက်အလက်အရ ဒေသစံတော်ချိန် ယခုလ ၂၄ရက်နေ့က ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး၏စီရင်ချက်တွင် ရာဖာ၌ စစ်ဆင်ရေးများရပ်တန့်ရန် အစ္စရေးကို အမိန့်ပေးခဲ့ကြောင်း သိရပါသည်။

အစ္စရေးသည် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရန် ရာဖာလမ်းဖြတ်ကူးခြင်းကို ၁လအတွင်း ဖွင့်လှစ်ရပြီး သက်ဆိုင်ရာ အစီရင်ခံစာကိုလည်း တင်ပြရမည်ဟု ထိုနေ့က နယ်သာလန်နိုင်ငံ Hagueရှိ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံးသည် ၁၃မဲနှင့်  ၂ မဲဖြင့်  စီရင်ဆုံးဖြတ်ခဲ့ကြောင်း သတင်းအရ သိရှိရသည်။