နိုင်ငံတကာမိသားစုကြီးအနေနှင့် တရုတ်တစ်ပြည်တည်းသာရှိရေး မူဝါဒကို စွဲကိုင်သော အခြေခံ အခြေအနေ အလွန်ခိုင်မြဲသည် ဟု တရုတ်ဆို

(GMT+08:00)2024-05-25 12:59:25  

    မေလ ၂၄ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ရာ ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်ပြဿနာအပေါ် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို နိုင်ငံများစွာမှ ထောက်ခံခြင်းနှင့် ပတ်သက်၍ ပြောကြားရာ၌ ကမ္ဘာပေါ်တွင် တရုတ်ပြည်တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေတွင် ခွဲမရသောအစိတ်အပိုင်းဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် တရုတ်နိုင်ငံထိုင်ဝမ်ဒေသ ပါဝင်ရေး ပြဿနာအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် အမြဲတမ်း ရှင်းလင်းပြတ်သားပြီး ယင်းရပ်တည်ချက်မှာ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒအတိုင်း ကိုင်တွယ်ဖြေရှင်း ရမည်ဖြစ်ခြင်းပင် ဖြစ်ကြောင်း၊ ယင်းသည်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အတည်ပြု ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ နှင့် ကမ္ဘာ့ကျန်းမာရေးညီလာခံ အတည်ပြု ဆုံးဖြတ်ချက်အမှတ် ၂၅.၁ တွင် အသိအမှတ်ပြုခဲ့သော အခြေခံ မူဝါဒလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။