ရှီကျင့်ဖိန်သည် ဒိုမီနီကန်နိုင်ငံ သမ္မတအဖြစ် ပြန်လည်အရွေးခံရသည့် Luis Abinadel အား ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2024-05-25 12:54:53  

မေလ ၂၂ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဒိုမီနီကန်နိုင်ငံ သမ္မတအဖြစ် ပြန်လည်အရွေးခံရသည့် Luis Abinadel အား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လက်ရှိ တရုတ်-ဒိုမီနီကန်ဆက်ဆံမှုသည် အပြုသဘော ဆောင်သော ဖွံ့ဖြိုးမှုအရှိန်ကို ဆက်လက်ထိန်းထားပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာ၍၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအသီးအပွင့် ဖြစ်ထွန်းကာ၊ နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာများ၌ နီးကပ်စွာ ပူးပေါင်းလျက်ရှိ ကြောင်းဖော်ပြထား သည်ဟု သိရပါ သည်။