ထိုင်ဝမ် အာဏာပိုင်၏ “ဒီမိုကရေစီ အတုဖြင့် ထိုင်ဝမ် သီးခြားတည်ရှိရေးကို ရှာကြံ”သည့် ပရိယာယ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းကို လိမ်ညာနိုင်မည် မဟုတ်

(GMT+08:00)2024-05-25 16:35:00  

တရုတ် နိုင်ငံ ထိုင်ဝမ် ဒေသ ခေါင်းဆောင် လိုက်ချင်းဒေ၏ မေလ ၂၀ရက်နေ့က ပြောကြားသည့် မိန်ခွန်းတွင် ထိုင်ဝမ်သည် “တစ်ကမ္ဘာလုံး၌ ဒီမိုကရေစီ ထောက်ပံ့ရေး ကွင်းဆက်တွင် သော့ချက် ဖြစ်ကြောင်း ကြွားဝါပြောဆိုပြီး “ဒီမိုကရေစီ”အမည်ဖြင့် အမေရိကန် အပါအဝင် အနောက်တိုင်း နိုင်ငံများက နိုင်ငံရေး သမားများ၏ တရုတ်ပြည် ဆန့်ကျင်ရေး လိုအပ်ချက်ကို အလိုလိုက်အကြိုက်ဆောင်သည်။ သို့သော် ၄င်းသည် မည်သို့ပင် အကြိုက်ဆောင်သည်ဖြစ်စေ၊ “ဒီမိုကရေစီ အတုဖြင့် ထိုင်ဝမ် သီးခြားတည်ရှိရေးကို ရှာကြံ”သည့် အတွင်းသရုပ်ကို ဖုံးကွယ်နိုင်မည် မဟုတ်သလို ထိုင်ဝမ်က တရုတ် နိုင်ငံ၏ ထိုင်ဝမ် ဖြစ်သည့် ခိုင်လုံသော အဖြစ်မှန်ကို ပြောင်လဲစေနိုင်မည် မဟုတ်ပါ။

လွန်ခဲ့သည့် ၈နှစ်တွင် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီသည် ထိုင်ဝမ်၌ ကိုယ့်ဂိုဏ်းသားများကို ကာကွယ်၊ ကိုယ့်ဂိုဏ်းသား မဟုတ်သူများကို ဝိုင်းပယ်ခြင်းအား ပြုလုပ်ပြီး နိုင်ငံရေး ယှဉ်ပြိုင်သူများကို အရေးယူကာ နိုင်ငံရေး ဆိုင်ရာ အတွေးအခေါ်နှင့် အယူအဆ မတူညီသော မီဒီယာများကို ပိတ်ပင်၍ ဒီမိုကရေစီ အခြေခံမူများကို ဖိနှိပ်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် လိုက်ချင်းဒေ အပါအဝင် ထိုင်ဝမ် နိုင်ငံရေး သမား အချို့သည် ထိုင်ဝမ် သီးခြားတည်ရှိရေး ရပ်တည်ချက်ကို ခေါင်းမာစွာ စွဲကိုင်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် ၁၉၉၂ခုနှစ် သဘောတူညီချကိကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပါသည်။

ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ အာဏာပိုင်သည် ထိုင်ဝမ် ပြဿနာကို နိုင်ငံတကာ ကိစ္စ ဖြစ်အောင် လုပ်ဆောင်နေသည်။ ၄င်းသည် နည်းလမ်း ၂မျိုးကို အဓိက အားဖြင့် အသုံးပြုပါသည်။ တစ်မျိုးက တစ်ကမ္ဘာလုံး စက်မှုလုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်တွင် ထိုင်ဝမ်သည် အဓိက အကျဆုံးသော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်သည်ဟု ဝါဒဖြန့်နေသည်။ နောက်တစ်မျိုး ကတော့ “ဒီမိုကရေစီ”ဆိုသည်ကို အသုံးပြုပြီး ထိုင်ဝမ်၏ သမိုင်းကြောင်းကို တလွဲတချော် ဖြစ်အောင် ပြောကြားကာ ထိုင်ဝမ်၏ တရားဥပဒေ ဆိုင်ရာ အဆင့်နေရာကို ငြင်းပယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းကို အထင်မှားမှု ဖြစ်စေရန် ကြံစည်သည်။

ထိုင်ဝမ်သည် တရုတ် နိုင်ငံ၏ ထိုင်ဝမ်ဖြစ်ပြီး “ကမ္ဘာ၏ ထိုင်ဝမ်”ဆိုသည်မှာ မဟုတ်ပါ။ လိုက်ချင်းဒေ အပါအဝင် ထိုင်ဝမ် သီးခြားလွတ်လပ်ရေး စွဲကိုင်သူများ ပြင်ပမှ အင်အားများနှင့် မည်သို့ပင် ချိတ်ဆက်ကြံစည်သည် ဖြစ်စေ၊ ထိုင်ဝမ်က တရုတ် နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်သည့် အဆင့်နေရာနှင့် အဖြစ်မှန်ကို ပြောင်းလဲစေနိုင်မည် မဟုတ်သလို တရုတ် နိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ခေတ်ရေစီးကြောင်းကို တားဆီးနိုင်မည် မဟုတ်ပါ။ ထိုင်ဝမ် သီးခြားတည်ရှိရေးသည် ထွက်ပေါက်မရှိပါ။ ၄င်းတို့၏ “ဒီမိုကရေစီ အတုဖြင့် ထိုင်ဝမ် သီးခြားတည်ရှိရေးကို ရှာကြံ”သည့် ပရိယာယ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းကို လိမ်ညာနိုင်မည်လည်း မဟုတ်ပါ။