ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ အဆိုပြုချက်အပေါ် အားလုံးက သဘောတူကြ

(GMT+08:00)2024-05-25 13:00:03  

ယခုလ ၂၂ရက်နေ့မှ ၂၃ရက်နေ့အထိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အထွေထွေကောင်စီအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် တရုတ်နိုင်ငံသည် အဆိုပြုချက်ကို တင်ပြပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင်ရွက်ရေး နည်းလမ်းများကို ပြန်လည်သုံးသပ်၊ ပြုပြင်ကာ မဖြေရှင်းရသေးသော ပြဿနာများကို အနှစ်သာရ အသစ်နှင့် တွန်းအားသစ်များပေး၍ ရာသီဥတုပြောင်းလဲမှု၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဒစ်ဂျစ်တယ် နည်းပညာ နယ်ပယ်တွင် ကြီးမားသော  ကွာဟမှု စသည့် ပြဿနာများ အတွက် လက်တွေ့ကျပြီး လုပ်နိုင်ချေရှိသော ဖြေရှင်းရေး နည်းလမ်းများကို  ပံ့ပိုးပေးရန် ပန်ကြားကြောင်း၊ ယင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် တရုတ်နိုင်ငံက ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်ကို လက်တွေ့ဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း၊ ၄င်းအဆိုပြုချက်အပေါ် အားလုံးက သဘောတူကြပြီး အဖွဲ့ဝင်၃၀ကျော်က ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့  သတင်းအရ သိရသည်။