အကြိမ် ၂၀ မြောက် ရှီးဇန့်(တိဗက်)ဗုဒ္ဓဘာသာ "Torampa" အဆင့်မြင့် ပညာရပ်ဆိုင်ရာ ဘွဲ့ချီးမြှင့်ခြင်း အခမ်းအနားကို ဘေကျင်းတွင် ကျင်းပ

(GMT+08:00)2024-05-24 14:57:03  

မေလ ၂၃ ရက်နေ့က အကြိမ် ၂၀ မြောက် ရှီးဇန့်(တိဗက်)ဗုဒ္ဓဘာသာ "Torampa" အဆင့်မြင့် ပညာရပ်ဆိုင်ရာ ဘွဲ့ချီးမြှင့်ခြင်း အခမ်းအနားကို ဘေကျင်းမြို့ရှိ တရုတ်နိုင်ငံ ရှီးဇန့်(တိဗက်) အဆင့်မြင့် ဗုဒ္ဓဘာသာ ကောလိပ်တွင် ကျင်းပခဲ့ပါသည်။ Gelug၊ Kagyu နှင့် Jonang ရှီးဇန့်(တိဗက်)ဗုဒ္ဓဘာသာဂိုဏ်းများမှ ကျောင်းသား ၂၈ ဦးသည် ၃နှစ်ကြာ ကြိုးကြိုးစားစားသင်ယူလေ့လာပြီးနောက် တရုတ်နိုင်ငံ ရှီးဇန့်(တိဗက်) အဆင့်မြင့် ဗုဒ္ဓဘာသာ ကောလိပ်၏ အဆင့်မြင့် သင်တန်း ဘွဲ့လက်မှတ်များရရှိခဲ့ပါသည်။ တင်းတင်းကျပ်ကျပ် အရည်အချင်း စစ်စာမေးပွဲ၊ သုတ္တန်အမေးအဖြေစာမေးပွဲနှင့် ဘွဲ့ယူစာတမ်း ဖြေဆိုပြီးနောက် ၎င်းတို့အားလုံးကို ရှီးဇန့်(တိဗက်)ဗုဒ္ဓဘာသာဆိုင်ရာ အဆင့်မြင့်ပညာရေးဘွဲ့ "Torampa" ချီးမြှင့်ခဲ့ပါသည်။