တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ဥပဒေအရ POMC သွင်းကုန်အချို့အပေါ် ပုံအောရောင်းချမှု ဆန့်ကျင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်မည်ဟု ဆို

(GMT+08:00)2024-05-24 13:46:17  

မကြာခင်ရက်များက တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနသည် မူလထုတ်လုပ်ဒေသ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ထိုင်ဝမ်ဒေသနှင့် ဂျပန်တို့မှ တင်သွင်းလာသော  POMC(Polyformaldehyde Copolymer) အပေါ် ပုံအောရောင်းချမှု ဆန့်ကျင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မေလ ၂၃ ရက်နေ့က ကျင်းပခဲ့သော တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက သက်ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ယခုအကြိမ် စုံစမ်းစစ်ဆေးမှုသည် တရုတ်ပြည်မကြီး စက်မှုလုပ်ငန်းမှ လျှောက်ထားချက်အရ ဥပဒေနှင့်အညီ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေးဝန်ကြီးဌာနသည် လျှောက်လွှာရရှိပြီးနောက် ဥပဒေနှင့်အညီ ယင်းလျှောက်လွှာကို စိစစ်ပြီး ပုံအောရောင်းချမှု ဆန့်ကျင်ရေးဆိုင်ရာ ဥပဒေပြု စုံစမ်းစစ်ဆေးရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု ယူဆကြောင်း၊ တရုတ်ပြည်မကြီး ဥပဒေများ၊ စည်းမျဉ်းများနှင့် WTO စည်းမျဉ်းများနှင့်အညီ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။