၂၀၂၄ ယဉ်ကျေးမှု ဆိုင်ရာ အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေး ထိပ်သီး ဖိုရမ်ကို ကျင်းပ

(GMT+08:00)2024-05-24 11:43:42  

ယခုလ ၂၃ရက်နေ့တွင် ၂၀၂၄ ယဉ်ကျေးမှု ဆိုင်ရာ အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေး ထိပ်သီး ဖိုရမ်ကို ကွမ်တုန်းပြည်နယ် ရှင်ကျင့်မြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး Li Shuleiသည် ဖိုရမ်သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား ခဲ့ပါသည်။

ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ “တရုတ် အသွင်ပုံစံ ခေတ်မီရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းတာဝန်သစ်”ဟူ၍ ဖြစ်ပြီး ဖိုရမ်ကို ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဦးစီး ကျင်းပခြင်း ဖြစ်ပါသည်။