၇ ကြိမ်မြောက် ဒစ်ဂျစ်တယ် တရုတ်ပြည် တည်ဆောက်ရေး ထိပ်သီး အစည်းအဝေးကို ဖူကျိုးမြို့၌ ဖွင့်လှစ်

(GMT+08:00)2024-05-24 13:34:10  

    ၇ ကြိမ်မြောက် ဒစ်ဂျစ်တယ် တရုတ်ပြည် တည်ဆောက်ရေး ထိပ်သီး အစည်းအဝေးကို မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖူကျိုးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် "ဒေတာ ဒစ်ဂျစ်တယ် အချက်အလက်များ၏ တန်းဖိုးကို ပြည့်ပြည့်ဝဝ အသုံးချပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို တိုးတက်လာစေခြင်း " ဖြစ်သည်။ အစည်းအဝေးတွင် ပင်မဖိုရမ်နှင့် ဖိုရမ်ခွဲ ၁၀ ကျော် ကျင်းပရန် စီစဉ်ထားပြီး ဒစ်ဂျစ်တယ် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ (၂၀၂၃ ခုနှစ်)ကိုလည်း ထုတ်ပြန်မည် ဖြစ်သည်။ အစည်းအဝေးတွင် စတုရန်းမီတာ ၅၆၀၀၀ ကျယ်ဝန်းသော ထိတွေ့ခံစားမှု ဧရိယာဇုန်ကို ထားရှိပြီး ဒစ်ဂျစ်တယ် တရုတ်ပြည် တည်ဆောက်ရေး ဆိုင်ရာ နောက်ဆုံး အောင်ကျိုးရလဒ်များကို ပြသထားပါသည်။