အိန္ဒိယ၌ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာသောကြောင့် အပူလှိုင်းများ မကြာခဏ ပိုမိုပြင်းထန်လာပြီး လယ်သမားများသည် မိုးရွာရန်နှင့်စပါးအထွက်ကောင်းရန် ဆုတောင်းကြ

(GMT+08:00)2024-05-24 11:45:44  

    မေလ ၂၃ရက်နေ့က အိန္ဒိယနိုင်ငံ Ranchiဆင်ခြေဖုံးရှိ ဘုရားကျောင်းတစ်ကျောင်း အပြင်ဘက်တွင် လယ်သမားများသည် မိုးရွာရန်၊ သီးနှံအထွက်ကောင်းရန် နှင့် ကျန်းမာရေးကောင်းမွန်စေရန် အတွက် ဆုတောင်းပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၌ ပူပြင်းသော နွေရာသီကို ကြိမ်ဖန်များစွာကြုံတွေ့ခဲ့သော်လည်း နှစ်ပေါင်းများ စွာ သိပ္ပံလေ့လာမှုများအရ ရာသီဥတုပြောင်းလဲမှုသည် အပူလှိုင်းကို ကြာရှည်စေပြီး မကြာခဏပိုမိုပြင်းထန်လာစေပါသည်။ ဒေသခံ လယ်သမားများသည် ရိုးရာဘာသာရေး အခမ်းအနားကျင်းပခြင်းဖြင့် မိုးရွာရန်နှင့် သီးနှံအထွက်ကောင်းရန် ဆုတောင်းကြသည့် အပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသောဂယက်ရိုက်ခတ်မှုများကိုလည်း စိုးရိမ်နေကြပါသည်။